မင်္ဂလာပါ … ရန်ကုန်ရောက်နေတယ်။ တစ်ပါတ်လောက် နေဖြစ်မယ် … ဖုန်းနံပါတ်တော့ မပြောတော့ပါဘူး။ လန်းနေတယ် လောလောဆယ်တော့ … ဟဲဟဲဟဲ ။ ဆုတောင်းပေးကြဗျာ… ကျနော် ပြန်လာချင်သေးတယ်။
add New Page in my blog
ကျနော် page အသစ် တစ်ခု ထည့်ထားပါတယ်။ အပေါ်ဘားမှာ Specials ဆိုပြီး နာမည်ပေးထားတာကို တွေ့ပါလိမ့်မယ်။ အဲဒီမှာ ကျနော့်ရဲ့ ဆောင်းပါးကောင်းတွေ လို့ ပြောလို့ရတဲ့ လက်ရွေးစင် ပို့စ်တွေ တင်ထားပေးပါတယ်။ နောက်ကိုလည်း ဒီလိုဆောင်းပါးတွေ ဖန်တီးပြီးတိုင်း အဲဒီမှာ တင်သွားပါ့မယ်။ အစမ်းဖတ်ကြည့်နိုင်အောင်လည်း ပထမစာမျက်နှာကို screenshot ရိုက်ပေးထားပါတယ်။ ကျနော်ပြန်တော့မယ် … ဒီရက်ပိုင်း စာရေးဖြစ်မယ် မထင်ဘူး။ မြန်မာနိုင်ငံ ပြန်ရောက်လို့ အင်တာနက် မသုံးနိုင်တဲ့ နေရာရောက်သွားရင် စာဆက်ရေးနိုင်မှာ မဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ အင်တာနက် ကောင်းကောင်းသုံးနိုင်တဲ့ နေရာ ရောက်ပါစေလို့ ၀ိုင်းဆုတောင်းပေးကြပေါ့။ ကျနော် အခွင့်အရေးရှိတိုင်း စာရေးမှာပါ။ သံလုံငယ် ဆိုတာ အိုင်တီအကြောင်း စာရေးသူတစ်ယောက်ရဲ့ ကလောင်ပါ။ blog တစ်ခုရဲ့ နာမည်တင် မကပါဘူး။ အဲဒါကြောင့် ကျနော် ဘယ်လိုအခြေအနေပဲ ရောက်ရောက် ဒီဆိုဒ်ကို ဘယ်သူ့မှ လွှဲပြောင်းမှာ မဟုတ်ပါဘူး။ (ဆိုဒ်ကို ဘယ်သူ့လွှဲမလဲ မေးကြလွန်းလို့ပါ)။ ကျနော် အပင်ပန်းခံ လုပ်တဲ့ကြားက အမျိုးမျိုးဝေဖန် ခံရ အဆဲခံရပေမယ့် ထိုက်တန်လောက်အောင် ပြန်ရခဲ့တဲ့ အားပေးမှုတွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ စာရေးရင်းနဲ့ ရင့်ကျက်မှုတွေ [...]
Making .CHM file (its the best ebook)
အံ့သြသဘောကျဖို့ကောင်းတဲ့ ebook တစ်မျိုး လုပ်ပြမလို့။ .chm ဖိုင် အမျိုးအစားဖြစ်ပြီး၊ HTML Help file လို့ခေါ်တယ်။ အရမ်းထူးခြားတဲ့ အားသာချက်တွေ ရှိနေတဲ့အပြင် အသုံးပြုရလည်းလွယ်တယ်။ ဖန်တီးတဲ့သူအတွက်လည်း ဘာမှ ခက်ခက်ခဲခဲမရှိပါဘူး။ ကျနော့်ရဲ့ project တစ်ခုဖြစ်တဲ့ ဒြပ်စင်အလှည့်ကျဇယား (periodic table) ကို offline သုံးအနေနဲ့ ပြုလုပ်ဖို့ အမျိုးမျိုးစမ်းသပ်ရင်း ဒီ chm ဖိုင်အဖြစ် ပြုလုပ်ဖြစ်ပါတယ်။ ဒီလင့်မှာ offline periodic table (မြန်မာဘာသာ) ရဲ့ ထူးခြားချက်တွေ အသုံးပြုနည်းတွေ အကြောင်းရေးရင်း download free ပေးထားပါတယ်။ အဲဒီပို့စ် ဖတ်ကြည့်ရင် chm ဖိုင်ရဲ့ ထူးခြားချက် အားသာချက် အားလုံးကို သိသွားမှာပါ။ အကြမ်းဖြင်းအနေနဲ့ ဒီမှာနည်းနည်းရေးပါ့မယ်။ ၁။ မည်သည့် windows OS အမျိုးအစားတွင်မဆို pdf ကဲ့သို့ reader မလိုခြင်း။ ၂။ categories များခွဲခြားနိုင်ခြင်းနှင့် index labels များ Search များ ပါဝင်ခြင်း။ ၃။ webpage တစ်ခုကဲ့သို့ html code များဖြင့် ဖန်တီးနိုင်သည့်အပြင်၊ [...]
request …
ကျနော် ဆိုဒ်ကို ဟိုပြောင်း ဒီပြောင်းဖြစ်နေတဲ့ အတောအတွင်းမှာ ပို့စ်တစ်ခုရေးခဲ့တယ်။ incredimail အကြောင်းလေ … gmail ကို effect စုံစုံ လှလှပပ နဲ့ သုံးဖို့အတွက် ရေးခဲ့တဲ့ ပို့စ်လေး မှတ်မိမယ်ထင်တယ်။ Pdf အဖြစ်လည်း ပေးခဲ့တယ်။ အဲဒါလေး သိမ်းထားမယ်ဆိုရင် ကျနော့်ရဲ့ mr.thanlonnge@gmail.com ကို ပြန်ပို့ပေးပါဦး။ အကူးအပြောင်းနဲ့ ပို့စ်ပျက်သွားတယ်။ ရေးပြီးသားကြီးလည်း ပြန်မရေးချင်တော့ဘူး။ အဲဒါကြောင့် သိမ်းထားတဲ့လူရှိရင် မဖတ်ရသေးသူတွေအတွက် ပြန်တင်လို့ရအောင် တောင်းလိုက်တာပါ။ ရှိနေသေးရင် ကူညီပါဦး။ ကျေးဇူးပါ အဆွေတော်တို့ …
Questions and Answers – 4
ကျနော် မရေးဖြစ်တာ ကြာသွားတယ်။ လုံးဝကို ပစ်ထားလိုက်မိတာပေါ့။ ၀ါကာ ၀ါကာ အေ့အေ့ ဘီယာ ဘီယာ အေးအေး နဲ့ ….. ဟဲဟဲ အခု မေးလ်ထဲကိုမေးထားတဲ့ မေးခွန်းတွေ ကျနော်ပြန်ဖြေတဲ့ အဖြေတွေကိုစုစည်းပြီး တင်ပေးပါ့မယ်။ ဖြေသင့်ဖြေထိုက်တာလေးတွေနဲ့ အများအတွက် ဗဟုသုတ ဖြစ်စေလောက်တဲ့ မေးခွန်းမျိုးတွေ ရွေးပြီး တင်ပြထားပါတယ်။ (email အစောင် ၃၀ စာ ဖော်ပြထားပါတယ်။ မေးခွန်း ၃၀ မက ပါပါတယ်) (မေးမြန်းလိုသည်များအတွက် mr.thanlonnge@gmail.com သို့ ဆက်သွယ်နိုင်ပါတယ်) ၁။ အောင်မျိုးထူး … ကျွန်တော်ဖုံးကပြသာနာလေးတစ်ခုဖြစ်နေလို့ပါ။ အဲဒါဒီနိုင်ငံက ဖုံးပြင်ဆိုင်တွေကိုပြတာ နားမလည်ကျဘူးဗျာ။ ကျွန်တော်ဖုံးကHTC DIAMOND TOUCH ပါ။ အဲ့ဒါကို ALIGN SCREEN ဖြစ်နေတာ ဘယ်ဖြေရှင်းလို့ ရနိုင်မလဲဆိုတာကို ကူညီပေးပါလား။ ပြီးတော့ဒီဖုံးကိုwindow ဘယ်လိုပြန်တင်ရင်မလဲဆိုတာ ကူညီပြောပြပေးပါလားခင်ဗျာ။ သံလုံငယ် … ကျနော့်လက်ဝယ်လည်း ရှိမနေတော့ အတိအကျ ပြောရတော့ ခတ်သား။ ရှာကြည့်လို့ တွေ့သလောက် info လေး ပေးရရင်တော့။ http://www.metacafe.com/watch/2209043/at_t_tilt_windows_mobile_6_1_align_your_screen_8925_tytn_2/ အဲဒီလင့်က အတိုင်း cursor လေးကို လိုက်ထောက်ကြည့်။ တစ်ကြိမ်မရရင် [...]
Activator … for Windows 7
အခုရေးမယ့် ပို့စ် မတိုင်ခင် intro လေး နည်းနည်း ၀င်မယ်နော် …. အရင်ဆုံး စာမရေးတာ ကြာသွားတဲ့အတွက် တောင်းပန်ပါတယ်။ (စာမေးပွဲပြီးလို့ ခဏတော့ နားမယ်ဆိုပြီး သိုင်းလောကထဲရောက်သွားတာ)။ ဒုတိယ လှိုက်လှိုက်လှဲလှဲနဲ့ မွေးနေ့ဆုတောင်း ပြောပေးကြသူများနှင့် အခြား စာဖတ်သူများကို ကျေးဇူးတင်ပါတယ်။ (comments 70 ကျော်မှာ တစ်ခုမှ အဆိုးမပါတဲ့အတွက် ပြောခဲ့တဲ့ လူတွေအပြင် အဆိုးမပြောသူတွေပါ ကျေးဇူးတင်တာပါ)။ တတိယ က လှည့်မကြည့်နိုင်တာ အကြာကြီးဖြစ်သွားတဲ့အတွက် မေးခွန်းတွေ အကြွေးတင်ပါတယ်။ အဲဒီအတွက် တောင်းပန်ပါတယ်။ (ကျနော် ဖတ်မိရင် စိတ်မကောင်းတဲ့ စကားတွေရှိတယ်။ မေးရတဲ့လူ အရူးကြီး ကျနေတာပဲတို့ … စသဖြင့် ဘာညာပေါ့။ အချို့မေးခွန်းတွေက မတွေ့လို့ မဖြေတာပါ။ ဖြစ်နိုင်ရင် မေးလ်ပို့ပြီး မေးပေးကြပါ။ တကယ်လို့ မဖြေဖြစ်ခဲ့တာရှိရင်လည်း မေးခဲ့တာကို ပြန်ထောက်ပြပြီး ပြောပေးကြပါလို့။ အခုနကလို စကားကြီးကျတော့ ကျနော်က စာဖတ်သူကို ဂရုမစိုက် အဖက်မလုပ်သလို သဘောသက်ရောက်သွားတယ်။ အဲလိုစိတ်မျိုးတော့ ဘယ်တုန်းကမှ မရှိဘူးဆိုတာလေး ပြန်ပြောချင်တာပါ)။ လက်ရှိရေးချင်တဲ့ပို့စ်က Windows 7 အတွက် Activation ဖြစ်စေမယ့် program တစ်ခု [...]
any Windows install from Flash drive
reader တစ်ယောက် (KO MOe) comment မှာ ပြောသွားလို့ တွေ့တဲ့ software လေးပါပဲ။ win2flash တဲ့။ ကျေးဇူးတင်ပါတယ်။ အခုချိန်ထိ usb bootable ဖြစ်ဖို့အတွက် အတော်များများ အဆင်မပြေသေးတာကို တွေ့ရပါတယ်။ အဲဒါနဲ့ပဲ တော်တော်လွယ်နေပြီးသား software ကို ပေတွေရှည်ပြီး ရှင်းပြပါ့မယ်။ Windows XP, Vista, 7 အားလုံးအတွက် အဆင်ပြေပါတယ်။ ဘာမှ လုပ်ပေးစရာမလိုအောင်ကို လွယ်တာပါ။ ကြည့်ကြည့်ရအောင် … Download Novicorp WinToFlash 0.6.0005 portable ဖြစ်လို့ ဒေါင်းလုပ်ချပြီး ဇစ်ဖြည်လိုက်တာနဲ့ WinToFlash.exe တွေ့ရမှာပါ။ သူ့ကို Double-Click နှိပ်လိုက်တာနဲ့ အောက်ကမြင်ကွင်းအတိုင်း မြင်ရမှာပါ။ နှိပ်စရာလည်း တစ်ခုပဲရှိပါတယ်။ process စဖို့အတွက် အဲဒီ အမှန်ခြစ်လေးကို နှိပ်ပါတယ်။ wizard mode နဲ့ Advanced mode ရွေးခိုင်းတာ ဖြစ်ပါတယ်။ (Advanced mode နဲ့ အလုပ်လုပ်ချင်ရင် အပေါ်အဆင့်မှာထဲက wizard အမှန်ခြစ်ကိုမနှိပ်ပဲ အခြား tab ဖြစ်တဲ့ Advanced ကိုနှိပ်ပြီး၊ ဒီ software [...]













