သံလုံငယ်
  • HOME (current)
  • BLOG
  • SERVICES
    COURSES WEBSITE LOGO APPLICATIONS
  • ABOUT
    ABOUT ME CONTACT ME
  • မြန်မာဘာသာ English

နည်းပညာဆောင်းပါးများ


  1. Home
  2. Blog
  3. Windows
  4. Windows Password ဖြတ်ကျော်ခြင်းဆိုင်ရာ နည်းလမ်းများ
Card image cap

Windows Password ဖြတ်ကျော်ခြင်းဆိုင်ရာ နည်းလမ်းများ

  သံလုံငယ်,   27-09-2020


Windows ကို password ပေးပြီး မေ့သွားတဲ့ အခါမျိုးရှိသလို၊ အကြောင်းအမျိုးမျိုးကြောင့် ဖြတ်ကျော်ဝင်ရောက်ဖို့ လိုတာမျိုးလည်း ကြုံရပါလိမ့်မယ်။ Windows password နဲ့ ပတ်သက်လာရင် ဖြေရှင်းနည်း ၄ မျိုးရှိပါတယ်။ ၁။ ကြိုတင်သိမ်းဆည်းထားခြင်း ၂။ Ophrcrack အသုံးပြု၍ password ကြည့်ခြင်း ၃။ Software အသုံးပြု၍ password reset ပြုလုပ်ခြင်း ၄။ Windows CD အသုံးပြု၍ password reset ပြုလုပ်ခြင်း နည်းလမ်းအားလုံးကို ရေးသားဖော်ပြသွားပါမယ်။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ဒီနည်းလမ်းထဲက တစ်မျိုးကတော့ အသုံးဝင်မှာပါ။

၁။ ကြိုတင်သိမ်းဆည်းထားခြင်း

Windows password မေ့တတ်သူတွေ၊ ဒါမှမဟုတ် Windows တစ်ခါတင်ပြီးရင် တော်ရုံနဲ့ ပြန်မတင်ဖြစ်တော့ပဲ စွဲစွဲမြဲမြဲ သုံးသူတွေ ရှိကြပါတယ်။ အထူးသဖြင့် ရုံးလုပ်ငန်းဆိုင်ရာ ကွန်ပြူတာတွေမှာ password တွေပေးထားပြီး မေ့မှာစိုးရင် ဒီနည်းနဲ့ ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။ Password reset disk ပြုလုပ်ခြင်း

အဆင့်(၁) – Floppy Disk (သို့မဟုတ်) USB Stick တစ်ခု ကို ကွန်ပြူတာမှာ တပ်ပေးပါ။

အဆင့်(၂) – Control Panel ကို ဖွင့်ပြီး User Accounts ကို ဆက်သွားပါ။

အဆင့်(၃) – မိမိ လက်ရှိသုံးနေတဲ့ User Account ကို နှိပ်ပါ။ အောက်မှာပြထားတဲ့ပုံအတိုင်း ညာဘက်ဘေးမှာ “Create password reset disk” နှိပ်ပါ။

အဆင့်(၄) – “Forgotten Password Wizard” ပေါ်လာပါလိမ့်မယ်။ “Next” ကို နှိပ်ပါ။

အဆင့်(၅) – တပ်ဆင်ထားတဲ့ Floppy (သို့) USB drive ကို ရွေးချယ်ပြီး “Next” ကိုနှိပ်ပါ။

အဆင့်(၆) - လက်ရှိအသုံးပြုနေတဲ့ User account ရဲ့ password ကို text box မှာ ရိုက်ထည့်ပြီး “Next” ကို နှိပ်ပါ။

အဆင့်(၇) – prograss 100% ပြည့်ပြီဆိုရင် “Next” နှိပ်၊ Completing Box မှာ “Finish” နှိပ်ပေးပြီးရင် password reset disk ပြုလုပ်ခြင်း ပြီးဆုံးပါပြီ။ Password reset disk ကို အသုံးပြုခြင်း ပြုလုပ်ထားတဲ့ password reset disk ကိုတော့ password မေ့သွားတော့မှပဲ ပြန်လည် အသုံးပြုကြမှာ ဖြစ်ပါတယ်။ အခုမေ့သွားပြီ ဆိုပါစို့။ ပြန်သုံးကြည့်ကြရအောင်။

အဆင့်(၁) - မိမိသုံးတဲ့ ကွန်ပြူတာမှာ သုံးနေကျ user account ကို password မထည့်ပဲ log in ဝင်လိုက်ပါ။

အဆင့်(၂) – password မှားနေကြောင်းပြလာပါလိမ့်မယ်။ “Reset password” မပေါ်ပါက Enter ထပ်နှိပ်ပေးပါ။

အဆင့်(၃) – Reset password ပေါ်လာရင် အဲဒီစာကြောင်းနေရာကို နှိပ်ပါ။

အဆင့်(၄) - ကြိုတင်ပြုလုပ်ထားတဲ့ Password reset disk (Floppy (သို့) USB Drive) ကို တပ်ဆပ်ပါ။

အဆင့်(၅) – Password Reset Wizard Welcome screen မှာ “Next” နှိပ်ပေးပါ။

အဆင့်(၆) – password reset disk ပြုလုပ်ထားတဲ့ drive ကို ရွေးချယ်ပြီး “Next” နှိပ်ပါ။

အဆင့်(၇) - ယခုပြောင်းချင်တဲ့ password ကို နှစ်ခါပြန်ရိုက်ထည့်ပေးပြီး “Next” နှိပ်ပါ။

အဆင့်(၈) – Finish ကို နှိပ်ပေးလိုက်ပါ။ wizard box ပိတ်သွားပါလိမ့်မယ်။ ပြောင်းထားတဲ့ password အသစ်နဲ့ log in ဝင်နိုင်ပါပြီ။

အားသာချက် = သီးခြား Software အသုံးပြုစရာ မလိုတဲ့အတွက် အသုံးပြုသူတွေကို ပိုမိုလွယ်ကူစေပါတယ်။ အားနည်းချက် = Floopy (သို့မဟုတ်) USB drive တစ်ခုခုကို အသုံးပြုပြီး ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပါတယ်။

၂။ Ophrcrack အသုံးပြု၍ password ကြည့်ခြင်း

ဒီနည်းကတော့ သုံးထားတဲ့ password ကို ပြန်မြင်ရမှာဖြစ်လို့ အတော်လေးကို အသုံးတည့်ပါတယ်။ တခြားသူရဲ့ ကွန်ပြူတာကို ပိုင်ရှင်မသိအောင် သုံးလို့ရနိုင်တဲ့ နည်းလမ်းလည်း ဖြစ်တာမို့ အသုံးပြုသူတိုင်း ဗဟုသုတ ရှိထားရမယ့် နည်းလမ်း ဖြစ်ပါတယ်။

Software CD Info… 

>>Windows password ကို crack လုပ်ပေးပါတယ်။

>>GUI mode (ပုံမြင်ရပြီး Click နှိပ်နိုင်သော စနစ်) ဖြင့် ပြုလုပ်နိုင်သည့် Software

>>Free and open source sofrware (GPL)

>> http://ophcrack.sourceforge.net/      

အသုံးပြုနည်း

အဆင့်(၁) - http://ophcrack.sourceforge.net/ မှ Download လုပ်ယူပါ။ (Windows XP နှင့် Vista/7 ဆိုပြီး နှစ်မျိုးခွဲထားပါတယ်)

အဆင့်(၂) - ရရှိလာတဲ့ iso ဖိုင်ကို CD ခွေအလွတ်ဖြင့် burn ပါ။ (Windows 7 မှာ iso ဖိုင်ကို Double click နှိပ်ရင် burner box ပေါ်လာပါတယ်၊ ခွေအလွတ် ထည့်ပြီး burn ရုံပါပဲ။)

အဆင့်(၃) – burn ထားပြီးတဲ့ခွေကို password သိလိုတဲ့ ကွန်ပြူတာမှာ ထည့်ပြီး restart ချပါ။

အဆင့်(၄) – ၎င်း CD ခွေမှ boot ယူပေးပါ။ (Windows တင်တဲ့အခါ Windows CD က Boot ယူသလိုပဲ၊ ယခု CD ခွေမှ boot ယူရမှာဖြစ်ပါတယ်။ Boot Menu ခေါ်ပြီး CD Drive ကို ရွေးပေးခြင်းဖြင့် ယူနိုင်သလို၊ BIOS ထဲ ဝင်ရောက်ပြီး first boot device ကို CD drive ရွေးပေးချင်းဖြင့်လည်း boot ယူနိုင်ပါတယ်။)

အဆင့်(၅) - အောက်ပါအတိုင်း menu ပေါ်လာရင် user တွေအတွက် အသင့်တော်ဆုံးဖြစ်တဲ့ Graphic mode (Auto mode) ကိုရွေးချယ်ပေးပါ။

အဆင့်(၆) - အချိန်အနည်းငယ် စောင့်ပြီး table ထဲမှာ user name နဲ့ Password အားလုံးပေါ်တဲ့အထိ စောင့်ပေးနေရုံပါပဲ။

အဆင့်(၇) - ပေါ်လာတဲ့ username နဲ့ password တွေကို မှတ်ထားပြီး restart ချပါ။

အဆင့်(၈) – CD ကို ထုတ်ထားပြီး ပုံမှန်အတိုင်း ကွန်ပြူတာဖွင့်ကာ password တောင်းလာတဲ့ user အတွက် မှတ်ထားတဲ့ password ထည့်ပေးပြီး log in ဝင်ရုံပဲ ဖြစ်ပါတယ်။

အားသာချက် = အရမ်းလွယ်ကူပြီး Hacking ပြုလုပ်နိုင်သည်အထိ အသုံးဝင်ပါတယ်။ အားနည်းချက် = Software CD အသုံးပြုရမှာဖြစ်ပြီး ဖိုင်ဆိုဒ်ကြီးတဲ့အတွက် ခွေမဆောင်ထားရင် ဒုက္ခများပါတယ်။

၃။ Software အသုံးပြု၍ password reset ပြုလုပ်ခြင်း

Password reset လုပ်တဲ့ software များစွာရှိပါတယ်။ အများစုက freeware ပါ။ Ophrcrack လို ကြည့်လို့ရတဲ့ Software ရှိနေတာ ဘာလို့ reset tool သုံးမှာလဲလို့ မေးစရာရှိပါတယ်။ အဲလို CD မျိုး မိမိနှင့်တကွ အမြဲရှိနေဖို့ မလွယ်ပါဘူး။ လိုတဲ့အချိန်မှ လိုက်ရှာရင်လည်း ကရိကထ များပါတယ်။ ဒါ့ကြောင့် ဖိုင်ဆိုဒ်သေးပြီး အလွယ်တကူ ရှာလို့ရတဲ့ reset tool တွေ တွင်ကျယ်နေတာ ဖြစ်ပါတယ်။ (tools ပေါင်းများစွာ ရှိပါတယ်။ အရေးကြုံလို့ ဘာသုံးရမှန်းမသိရင် အင်တာနက်သုံးပြီး windows password breaker, Windows password remover စသဖြင့် ရေးရှာကြည့်ပါ။ အများကြီးတွေ့တဲ့အထဲကမှ မိမိနဲ့အဆင်ပြေမယ့် တစ်ခုခုကို ရွေးသုံးနိုင်ပါတယ်။) အခု Windows Password Breaker Professional ဆိုတဲ့ Software ကို အသုံးပြုပြီး ရေးသားပါမယ်။

အဆင့်(၁) - www.recoverwindowspassword.com/downloads/windows_password_breaker_professional_trial.exe ကိုနှိပ်ပြီး Download လုပ်ယူပါ။

အဆင့်(၂) – CD/DVD (သို့မဟုတ်) USB disk တစ်ခုခုကို ထည့်ပြီး ၎င်း software ဖြင့် “burn” ပါ။

အဆင့်(၃) – “Ophrcrack CD” ကို အသုံးပြုခဲ့သည့် နည်းလမ်းအတိုင်း အသုံးပြုပါ။

အဆင့်(၄) – tools တွေ တစ်ခုနဲ့တစ်ခု အသုံးပြုပုံချင်း ချွတ်စွတ်တော့ မတူကြပါဘူး။ ဒါပေမယ့် နည်းလမ်းချင်းတော့ တူတူပဲ ဖြစ်ပါတယ်။ ဒီ reset tools တွေက file size သေးတာနဲ့အညီ အသုံးပြုရမှာကလည်း CLI (command ရိုက်ထည့်ပြီး အသုံးပြုရမယ့် စနစ်) များသာ ဖြစပါတယ်။ command သုံးရပေမယ့် အလွတ်ရစရာ မလိုပါဘူး။ password reset လုပ်ရန် 1 ကို ရိုက်ပြီး Enter နှိပ်ပါ။ စသဖြင့် ညွှန်ကြားပေးပါတယ်။ စာဖတ်ပြီး လုပ်ရုံပဲ ဖြစ်ပါတယ်။

အဆင့်(၅) – password အသစ် ရိုက်ထည့်ပေးပြီး ကွန်ပြူတာကို restart လုပ်ကာ password အသစ်ဖြင့် log in ဝင်ရုံပဲ ဖြစ်ပါတယ်။

အားသာချက် = file size သေးငယ်ပြီး အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ အားနည်းချက် = Command Line ဖတ်ပြီး လုပ်ဆောင်ရတဲ့အတွက် Beginner တွေကို စိတ်ညစ်စေနိုင်ပါတယ်။

၄။ Windows CD အသုံးပြု၍ password reset ပြုလုပ်ခြင်း

လူတိုင်းလိုလို အဆင်သင့် ရှိနေတတ်ကြတာက Windows CD ဖြစ်ပါတယ်။ Software ရှာတာတွေ၊ Burning လုပ်ရတာတွေ USB memory stick ရှာရတာတွေထက် Windows CD ရှာရတာ ပိုလွယ်ပါတယ်။ ဒါ့ကြောင့် ဘာမှ လိုက်ရှာမနေတော့ပဲ Windows CD နဲ့တင် password reset လုပ်နိုင်တဲ့နည်းက အများဆုံး အသုံးဝင်လိမ့်မယ်လို့ ထင်ပါတယ်။ (Windows 7 အသုံးပြုသူတွေအတွက်ပဲ ဒီနည်းက အဆင်ပြေတာဖြစ်ပါတယ်။ တင်ထားတာလည်း Windows 7 ပဲဖြစ်ပြီး၊ သုံးတဲ့ CD ကလည်း Windows 7 DVD ဖြစ်ရပါမယ်။ Ultimate, Home Premium စသဖြင့် version မတူရင်လည်း အသုံးပြုနိုင်ပါတယ်)

အဆင့်(၁) – Windows တင်တဲ့အတိုင်းပဲ Windows CD ထည့်ပြီး၊ CD ကနေ boot ယူပါ။

အဆင့်(၂) – အောက်မှာ ပြထားတဲ့အတိုင်း ပေါ်လာရင် “Repair your computer” ကို နှိပ်ပေးပါ။

အဆင့်(၃) – “Command Prompt” ကို နှိပ်ပေးပါ။

အဆင့်(၄) - ပေါ်လာတဲ့ cmd မှာ အောက်ဖော်ပြပါ command ကို ရိုက်ထည့်ပြီး Enter နှိပ်ပါ။ (original sticky key ကို backup လုပ်ထားလိုက်တာ ဖြစ်ပါတယ်)

copy c:\windows\system32\sethc.exe c:

အဆင့်(၅) - အောက်ပါ command ကို ရိုက်ထည့်ပြီး Enter နှိပ်ပါ။ (cmd file ကို sticky key အဖြစ် နာမည်ပြောင်းပြီး copy ကူးလိုက်တာ ဖြစ်ပါတယ်)

copy c:\windows\system32\cmd.exe c:\windows\system32\sethc.exe

အဆင့်(၆) – 1 file(s) copied. လို့ ပြလာရင် ကွန်ပြူတာကို restart ချပေးပါ။

အဆင့်(၇) – log on screen ကို ရောက်ရင် Shift key ကို ၅ ခါ နှိပ်ပြီး command prompt ကို ခေါ်ပါ။

အဆင့်(၈) – net user လို့ ရိုက်ပြီး Enter နှိပ်လိုက်ရင် ရှိနေတဲ့ User name တွေ လာပြပါလိမ့်မယ်။

အဆင့်(၉) - အဲဒီအထဲက မိမိ password ပြောင်းလိုတဲ့ user name ကို net user နဲ့ * ကြားမှာ ရိုက်ပါ။ (ယခု ပြထားတဲ့ပုံမှာ “Raaz” ဆိုတဲ့ user name ကို သုံးပြမှာ ဖြစ်ပါတယ်။ )

net user raaz *

(အကယ်၍ username က spacing ပါခဲ့ရင် ' ' ထဲထည့်ပြီးရေးပါ။ ဥပမာ - pyae phyo ဆိုပါက net user 'pyae phyo' * )

အဆင့်(၁၀) – Type a password for the user: ဆိုတဲ့ စာတမ်း ပေါ်လာပြီး password အသစ်တောင်းမှာ ဖြစ်ပါတယ်။ မိမိပြောင်းလိုတဲ့ password ကိုရေးပြီး Enter နှိပ်ပါ။ နောက်တစ်ကြိမ် password ထပ်တောင်းပါလိမ့်မယ်။ confirm ဖြစ်အောင် ၎င်း password အသစ်ကို နှစ်ကြိမ် ရိုက်ပေးရမှာဖြစ်ပါတယ်။

အဆင့်(၁၁) – command completed successfully ဆိုပြီး ပြလာရင်တော့ restart ချပြီး password အသစ်နဲ့ log in ဝင်ရုံပါပဲ။

အားသာချက် = CD နဲ့ Software မရှာရတဲ့အတွက် အလုပ်ရှုပ် သက်သာပါတယ်။

အားနည်းချက် = အနည်းဆုံးတော့ Windows CD ရှိရမှာဖြစ်ပြီး၊ Command မှတ်မိဖို့လည်း လိုပါတယ်။

Ref. Links :

www.hackingarticles.in

www.recoverwindowspassword.com

http://ophcrack.sourceforge.net/

Windows

သံလုံငယ်

[email protected]

27-09-2020


Related posts


ကွန်ပြူတာစကားဝှက် ပေါက်ကြားခြင်းကြောင့် ကြုံတွေ့ရနိုင်သည့် အန္တရာယ်များ


Windows user တွေရဲ့ လုံခြုံမှုအတွက် user name နဲ့ password ဆိုပြီး နှစ်ဆင့် ရှိပါတယ်။ user name ကိုတော့ အလွယ်တကူ သိနိုင်ပါတယ်။ “Cain and Abel” လို

Read more

Windows OS များအား WannaCry Ransomware တိုက်ခိုက်ခြင်းမှ ကာကွယ်နိုင်ရန် SMB disable ပြုလုပ်ခြင်း


နောက်ဆုံးဆိုက်ဘာတိုက်ခိုက်မှုတစ်ခုအနေဖြင့် “WannaCry” အမည်ရှိ Ransomware အမျိုးအစား ဗိုင်းရပ်စ်တစ်ခု ပျံ့နှံ့ခဲ့ပြီး နိုင်ငံပေါင်း ၉၉ နိုင်ငံခန့် တိုက်ခိုက်မှုခံခဲ့ရကြောင်း

Read more

Comments


Categories


  • Cras justo odio
  • Dapibus ac facilisis in
  • Morbi leo risus
  • Porta ac consectetur ac
  • Vestibulum at eros

Latest Posts


sample image
Title of the news

18/08/2017


သံလုံငယ်

Informations
  •   PyinOoLwin
  •   09408425352
  •   [email protected]
  •   www.thanlonnge.pro
Courses

© 2020 Copyright: Thanlonnge